Sasana Gonyi History

သာသနာ့ဂုဏ်ရည်ကျောင်းသမိုင်း

သာသနာ့ဂုဏ်ရည်ကျောင်း (USA) အမည်ရ မဟာစည်ကမ္မဋ္ဌာန်း ရိပ်သာခွဲကို ဆရာတော် အရှင်တောသန (University of Roehampton, London) မှ ဦးဆောင်၍ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော် စက်ကရက်မင်တိုမြို့အတွင်းရှိ အဲက်ဂရုဗ် ( Elk Grove) ဟု အမည်တွင်သည့်မြို့တွင် သာသနာသက္ကရာဇ် ၂၅၅၇ ပြည့်နှစ် ခရစ်သက္ကရာဇ် ၁၈-၈-၂၀၁၃ နေ့ ကောဇာသက္ကရာဇ် ၁၃၇၅ ပြည့်နှစ် ဝါခေါင်လဆန်း ၁၂ ရက် တနင်္ဂနွေနေ့ တွင် စတင်တည်ထောင်ခဲ့ပါသည်။

an image

 

ကယ်လီဖိုးနီးယားပြည်နယ် ဟေးဝပ်မြို့ မုဒိတာရွှေကျောင်း ဆရာတော် အရှင်ဥာဏိက ၏ မိတ်ဆက်ပေးမှုနှင့် အင်္ဂလန်နိုင်ငံလန်ဒန်မြို့ရှိ လန်ဒန်ဝိဟာရကျောင်းတော်တွင် သီတင်းသုံးလျက် ရှိသော ဆရာတော် အရှင်ဦးတောသန (University of Roehampton, London) သည် စက်ကရက်မင်တိုမြို့သို့ ကြွရောက်ကာ မြို့ခံ ဒကာ ဒကာမများ ဖြစ်ကြသော ကိုသက်နိုင်၊ ကိုဇော်သိန်းဦးတို့နှင့် ဆွေးနွေးညှိနိုင်းကြပြီး စက်ကရက်မင်တိုမြို့ဝန်းကျင် ဒကာ ဒကာမများက စုပေါင်းကာ ယာယီကျောင်း အဖြစ် 9123 Old Creek Dr, Elk Grove, CA 85758, U.S.A တွင် ခေတ္တ ငှားရမ်း၍ ကျောင်းအဖြစ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၂၆-၉-၂၀၁၃ နေ့တွင် Secretary of State , State of California အစိုးရထံတွင် Sasana Gonyi Kyaung ဟူသော အမည်ဖြင့် တရားဝင် ဘာသာရေးအဖွဲ့အစည်းအဖြစ်မှတ်ပုံတင်ခဲ့ပါသည်။

 

ယာယီကျောင်းတွင် သာသနာရေး ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နေစဉ်မှာပင် ဆရာတော် အရှင်တောသန (University of Roehampton, London) ၏ ဦးဆောင်မှုဖြင့် ရပ်နီးရပ်ဝေးမှ အလှုရှင်များ ပူးပေါင်းကာထည့်ဝင်လှူဒါန်းခဲ့ကြသဖြင့် ၁၉-၂-၂၀၁၄ ခုနှစ် တွင် 8930 Campbell road, Elk Grove, CA 95624. U.S.A လိပ်စာတွင် တည်ရှိသည့် ၅ ဧက ကျယ်ဝန်းသော မြေကို ၀ယ်ယူကာ သာသနာ့ဂုဏ်ရည်ကျောင်း (USA) ကို အတည်အကျ အခိုင်အမာ တည်ထောင်နိုင် ခဲ့ပါသည်။

သာသနာ့ဂုဏ်ရည်ကျောင်း (USA) သည် လူနေထိုင်၍ စိုက်ပျိးရေးလုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ်ထားသည့် ကျေးလက်တောနယ် (Rural Community Area) အတွင်းတွင် ၅ ဧက ကျယ်ဝန်းပြီး လူအများ သွားလာလှုပ်ရှားလေ့ရှိကြသော စီးပွားရေးဇုံများနှင့် အလှမ်းဝေးကာ တိတ်ဆိပ်ငြီမ်သက်လျက်ရှိပြီး ကမ္မဋ္ဌာန်းကျောင်းတကျောင်း၏အင်္ဂါရပ်များနှင့် အတော်အတန် ပြည့်စုံပါသည်။

ယခုအခါ သာသနာ့ဂုဏ်ရည်ကျောင်းတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်း၍ ဝိပဿနာတရားအားထုတ်ခြင်း၊ တရားဟောပြောခြင်း၊ တရားနာယူခြင်း၊ ပဋ္ဌာန်းဒေသနာမြတ်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ လစဉ်နှစ်စဉ် ဘာသာရေးပွဲတော်များ၊ ယဉ်ကျေျးမှုပွဲတော်များနှင့် မြန်မာပြည်မှကြွရောက်လာကြသော ရွှေမင်းဝံဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်၊ မြစိမ်းတောင်ဆရာတော်စသော ဆရာတော်များ၏ တရားပွဲများ ရက်တို၊ ရက်ရှည် တရားစခန်းများကို ပြုလုပ်ပေးခြင်း၊ အပတ်စဉ် ကြာသပတေးနှင့်တနင်္ဂနွေနေ့များတွင် စုပေါင်းကမ္မဋ္ဌာန်းတရားအားထုတ်ပွားများခြင်းများကိုဆောင်ရွက်လျက်ရှိပါသည်။

"အနာဂတ်ကြယ်ပွင့်လေးများအတွက် အခန်းကဏ္ဍ မျိုးဆက်သစ်တို့ တိုးတက်ရစ်ကြစေရန် အထူးအစီအစဉ်အဖြစ်" ယဉ်ကျေးလိမ်မာ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များကိုလည်း အပတ်စဉ် စနေနေ့တိုင်း ဘုရားရှိခိုးခြင်းနှင့် ဝိပဿနာတရားအားထုတ်ပုံအားထုတ်နည်းများကို သင်ကြားပြသ ပေးခြင်း စသည်ဖြင့် သာသနာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

Events



Currently showing no result, please stay tuned.


အွန်လိုင်းအလှူတော်

သာသနာ့ဂုဏ်ရည်ကျောင်းသို့ Paypal Send Money ဖြင့် sasanagonyikyaung@gmail.com သို့အလှူငွေလွှဲပို့နိုင်ပါသည်။